ဤ နေရာတွင် ကြော်ငြာနိုင်ပါသည်။PH 09 454 359 868
Mi phone များအား root လုပ်စရာမလိုပဲ မြန်မာစာ သွင်းနည်း----
1.Theme apk ထဲဝင်ပြီး Customiz>Font> မှမိမိနှစ်သက်သော Free font တစ်ခုကို Download လုပ်ပါ။
2.မိမိနှစ်သက်ရာ Zawgyi font.ttf တစ်ခုကို Download လုပ်ပါ။မိမိမှာရှိပြီးသားဆိုရင် Download လုပ်စရာမလိုပါဘူး။
3.File Explorer ထဲကို ၀င်ပြီးပြင်ရမှာပါ လွယ်ကူ ရိုးရှင်းတဲ့ es file explorer ကိုသုံးပါလို့အကြံပေးချင်ပါတယ်။ES file explorer ထဲကိုဝင်ပြီးရင်
File>Internel SD>MIUI>Theme>Data>Content>Font Folder ထဲကိုဝင်ပါ Data ဆိုတာမတွေ့ခဲ့ရင် ES File explorer မှာ Menu မှာ Tool>Show Hidden File ကို on ပေးပါ။
4.Fonts Folder ထဲကိုဝင်လိုက်ရင် Theme မှာ Download ဆွဲခဲ့တဲ့ Free font နဲ့ နဂိုရှိပြီးသား default font နှစ်ခုကိုတွေ့ရပါမယ်။Free font ရဲ့ file name ကိုယူပြီးအသုံးချရမှာဖြစ်တဲ့အတွက် Free font ကို Second ပိုင်းလောက်ဖိထားပြီး rename ဆိုတာလေးပေါ်လာတဲ့အခါ (xxxx.mrc) name တွေအကုန်လုံးကို select all နဲ့ Copy ယူပြီးရင် Fonts Folder ကနေပြန်ထွက်ပြီး Download ဆွဲထားတဲ့ (သို့) မိမိမှာရှိနေတဲ့ zawgyi.ttf ကို remame ပြန်ပြောင်းပေးလိုက်ပါ။ ဒါဆိုရင် ခုဏက ဒေါင်းလုပ်ဆွထားတဲ့ font name က အခု zawgyi.ttf နေရာကိုရောက်သွားပြီဖြစ်ပါတယ်။zawgyi.ttf အစား xxxx.mrc ဆိုတဲ့ file လေးဖြစ်သွားမှာဖြစ်ပါတယ်။rename ပြန်ပြောင်းဖိုက က zawgyi.ttf ကို ဖိထားလို့ rename ပေါ်လာတဲ့အခါ select all နဲ့ရွေးပေးပြီး paste လုပ်ပေးလိုက်ပါ။ select all တို့ paste တို့ ပေါ်အောင် နည်းနည်းတော့ ဖိပေးထားရပါတယ်။ ဒါဆိုရင်တော့ အဆင်ပြေပါပြီ သဘောတရားကတော့ ပထမဒေါင်းထားတဲ့ free font ကနာမည်ကို zawgyi font အမည်မှာ အစားထိုးပြီး လုပ်သွားတာပါ။ နာမည် အစားထိုးပြီးသွားပြီ ဆိုရင်တော့ ဖောင့်ကိုအစားထိုးဖို့ပဲကျန်ပါတော့တယ်။ဘယ်လိုအစားထိုးရမလဲဆိုရင် ခုရလာတဲ့ (zawgyi.ttf ကိုအမည်ပြောင်း) ကို File>Internel SD>MIUI>Theme>Data>Content>Font Folder ထဲမှာသွားပြီးအစားထိုးပေးရမှာဖြစ်ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် အရင်ဆုံး File>Internel SD>MIUI>Theme>Data>Content>Font Folder ထဲက မူလ ဒေါင်းထားတဲ့ free font ကို ဖုန်းရဲ့ တစ်နေရာရာမှာရွေ့ထားလိုက်ပါ ဘာလို့လည်းဆိုတော့ အမည်တူနေလို့ရှိရင် overwite လုပ်တာတွေဘာတွေနဲ့အလုပ်ရှုပ်လို့ပါ ဒေါင်းထားတဲ့ဖောင့်လေးလဲမပျောက်စေချင်လို့ပေါ့။ မူလဒေါင်းထားတဲ့ဖောင့်ကို ဖုန်းရဲ့တစ်နေရာရာကို move လုပ်ပြီးပြီဆိုရင်တော့ ခုဏက အမည်ပြောင်းထားတဲ့ XXX.MRC (ZAWGYI.ttf) ကို File>Internel SD>MIUI>Theme>Data>Content>Font Folder ထဲကိုသွားထည့်ပါမယ်။ထည့်ပြီးသွားရင်တော့ Theme apk>Customize>Font ကိုဝင်ပြီးတော့ Default ရဲ့ဘေးနားက ပထမဦးဆုံးမိမိဒေါင်းထားတဲ့ free font ကို apply လုပ်ပြီး reboot လုပ်လိုက်ပါ။ ပြန်တက်လာရင် facebook တို့ ဘာတို့ ဖွင့်ကြည့်လိုက်ပါ အဆင်ပြေနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
ယခုနည်းအား ရှာဖွေတွေ့ရှိပြီး Share ပေးသော Ko Tin htay Ag နှင့် miui Forum မှအမည်မသိဆရာများအားလည်းကောင်း အပင်ပန်းခံအချိန်ကုန်ခံပြီး Tutorial များကို ပုံနှင့်တစ်ကွ ပြန်လည်အသေးစိတ်ရှင်းလင်းပြသပေးခဲ့သော ကို Minn Mon နှင့်တစ်ကွာ သင်ဆရာမြင်ဆရာများအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။ အဆင်သင့်ပြု လုပ်ထားတဲ့ Theme Font လေးပါ ( https://drive.google.com/file/d/0B4gVN5YzZHkWN3FCSW1fSWVKNWM/view?usp=sharing)
မြန်မာ mi user များ အစဉ်ပြေကြပါစေ ပျော်ရွှင်ကြပါစေ….
ဖုန်းဟေကို။
Advertisemen