ဤ နေရာတွင် ကြော်ငြာနိုင်ပါသည်။PH 09 454 359 868
အရင်ဆုံး xiaomi ရဲ့ rom အကြောင်း ရှင်းပြချင်ပါတယ်။ xiaomi ဖုန်းမှာ ထုတ်တဲ့ နေရာဒေသပေါ် မူတည်ပြီး rom အမျိုးအစားကွဲပြားပါတယ်။ တရုတ်က ထုတ်တဲ့ ဖုန်းမှာ တရုတ် app အများစုပါဝင်တဲ့ china rom ထည့်ပေးထားပါတယ်။ တခြားနိုင်ငံတွေကို တင်သွင်းတဲ့ ဖုန်းတွေမှာတော့ google play services ထည့်ပေးထားတဲ့ global rom ထည့်ပေးထားပါတယ်။ ဒါပေမယ့် ၀ယ်သူက ကိုယ်စိတ်ကြိုက် rom ကို mi official website မှာ ဒေါင်းပြီး ကြိုက်သလို ပြန်ထည့်လို့ရပါတယ်။ china rom မှာ google services မပါရင်လည်း mi market ကနေ google installer ကို ဒေါင်းပြီး ထည့်နိုင်ပါတယ်။
Rom ကို ၃မျိုးခွဲခြားနိုင်ပါတယ်။ developer rom,stable rom, ported rom ဆိုပြီး ၃မျိုး ရှိပါတယ်။ developer rom ဆိုရင် miui version မှာ 4,5 တို့နဲ့ စပါတယ်။ ဥပမာ 4.10.12 ဆိုရင် 10 လပိုင်း ၁၂ ရက်နေ့ထုတ် developer rom လို့ သိနိုင်ပါတယ်။ developer rom ကတော့ တစ်ပတ်တခါ update ပေးတတ်ပြီး error ရှိတတ်ပါတယ်။ တခြား brand တွေမှာ developer rom ကို developer team က စမ်းပေမယ့် Mi ကတော့ သုံးစွဲသူရဲ့ feedback ကို လိုချင်လို့ dev rom ကို ပေးခြင်းဖြစ်ပါတယ်။ dev rom မကြိုက်ရင် stable rom ကို ပြောင်းနိုင်ပါတယ်။ stable rom တွေက
Miui version 6 နဲ့ စတဲ့ rom တွေပါ (ဥပမာ 6.3.3) ။ stable rom တွေကတော့ dev rom အမျိုးမျိုးနဲ့ စမ်းသပ်ပြီးမှ error အကင်းဆုံး rom အနေနဲ့ ထုတ်ပေးတာမျိုးပါ။ stable rom တွေကတော့
Update ပေးမယ့်ချိန်က အတိအကျမရှိပါဘူး။
Credit to Lynn Thiha Kyaw(https://www.facebook.com/lynn.thihakyaw?fref=ufi)
Advertisemen